Advanced SystemCare Ultimate 6.0.8.289

Advanced SystemCare Ultimate ဗါးရှင်းကတော့ Antivirus ပရိုဂရမ်ပါ ပါတဲ့အတွက် ဖိုင်ဆိုဒ်ကလည်း နည်းနည်းများပါတယ်..။ ဒီကောင်လေးကို ဖူးလုပ်အသုံးပြုလို့ရအောင် ဒီဒေါင်းလော့ဖိုင်ထဲမှာ Key လေးတွေပါ ထည့်ပေးထားပါတယ်..။ ကီးတွေထည့်ပြီး Active ဖြစ်အောင် လုပ်နေတဲ့အချိန်မှာ အင်တာနက်လိုင်းကို ခဏပိတ်ထားပြီးမှ ကီးတွေထည့်ပါ..။ ဖူးဖြစ်သွားရင်တော့ အသုံးပြုနည်းက အရင် Free ဗါးရှင်းတွေနဲ့ အတူတူပါပဲ..။ ဒီပိုစ့်ရဲ့ အောက်မှာတော့ ကီးထည့်ရမယ့်နေရာလေးကို ပုံလေးတွေနဲ့ ကီးထည့်ပြပေးထားပါတယ်..။
မိမိတို့ရဲ့ ကွန်ပျုတာနဲ့ Browser တွေကို အမှိုက်တွေရှင်းပြီး မြန်အောင် ပြုလုပ်ပေးနိုင်တဲ့ System Tools တွေထဲမှာ ဒီကောင်လေးကလည်း နာမည်ကြီးလှပါတယ်..။ ဝင်းဒိုးထဲက Registry Error တွေကိုပါ ပြန်ပြီး Repair လုပ်ပေးနိုင်တဲ့အတွက် သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်..။ တခါတလေမှာတော့ သတိမထားမိပဲ ဒီကောင်လေးကို အသုံးပြုပြီး ဆော့ဝဲလ်တွေ Install နဲ့ Uninstall တွေ ပြုလုပ်ခဲ့မယ်ဆိုရင်  အဆင်မပြေတတ်တဲ့အခါမှာ ဝင်းဒိုး ပြန်မတက်နိုင်တဲ့ Error တွေ ကြုံရတတ်ပါတယ်..။ ဒါကြောင့်မို့ ဒီလို System Tools တွေကို အသုံးမပြုခင် အရင်ဆုံး Restore Point တွေဖန်တီးထားပြီးမှ အသုံးပြုသင့်ပါတယ်..။ နောက်တခုက ဒီကောင်လေးကို အသုံးပြုပြီးတိုင်း စက်ကို Restart ချပေးပြီးမှ ဆက်သုံးရမှာပါ..။ ဒါမှသာ ဝင်းဒိုး မတက်နိုင်တဲ့ Error မျိုး မဖြစ်တော့မှာပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံကို အရင်ပိုစ့်တခုဖြစ်တဲ့ Advanced-SystemCare အသုံးပြုနည်းပိုစ့် မှာ ပြန်ကြည့်နိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 59 MB ရှိပါတယ်..။



Install ထည့်ပြီးသွားရင်တော့ အောင်ကပုံလေးတွေအတိုင်း နှိပ်သွားလိုက်ပါ..။ အင်တာနက်ကို အရင်ပိတ်ထားလိုက်ပါ..။ 






ကီးတွေထည့်ပြီး Activate Now ကို တချက်ကလစ်လိုက်ပါ..။ အင်တာနက်ပိတ်ထားဖို့ သတိယပါ..။




အပေါ်ပုံအတိုင်း OK နဲ့ Finish ပေးပြီးသွားရင်တော့ အောက်ကပုံအတိုင်း သွားပြန်ဝင်ကြည့်လိုက်ရင် Active ဖြစ်နေတာကို မြင်ရပါပြီ..။ 



Close ပေးပြီး အသုံးပြုနိုင်ပါပြီ..။ အသုံးပြုပုံက အရင်တုန်းက ပိုစ့်တွေအတိုင်းပဲမို့ အဲ့ဒီပိုစ့်တွေမှာပဲ ပြန်လည်လေ့လာကြည့်ပေးပါ..။ အားလုံးပဲ အဆင်ပြေပါစေ..။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...