Character Map ကို အသုံးပြုပြီး စာလုံးထပ်များ ရှာဖွေခြင်း


kokohtwe...မြန်မာလို ဗုဒ္ဒ ရေးတာေ၇းမရလို့ ကူညီပေးပါအုံ့းခင်ဗျာ.

Character Map ကို အသုံးပြုပြီး စာလုံးထပ်များ ရှာဖွေခြင်းကိုကျွန်တော်ရေးထားတဲ့ ကွန်ပျူတာ အခြေခံနှင့် Windows 7 အသုံးပြုနည်း စာအုပ်မှာ ရေးပြီးဖြစ်ပါတယ် အခုလဲမေးလာတဲ့ သူတွေ ရှိလို့ ပိုစ့်တစ်ခု အနေနဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ် စာစီ စာရိုက် ပြုလုပ်နေတဲ့ သူတွေတော့ဒီနည်းကို မသိမဖြစ် လိုအပ်ပါတယ်ဗျာပထမ ဦးဆုံး Start Button ကို နှိပ်ပြီး Control Panel ကို သွားရမယ်ဖြစ်ပါတယ် အမှန်တကယ်တော့ ကြိုက်တဲ့ နေရာက သွားပါCharacter Map ကို ရောက်ဖို့က အရေးကြီးပါတယ်ဒီပိုစ့်မှာတော့ Control Panel ကနေပဲ သွားကြည့်ကြရအောင်Control Panel ကို နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်

 
Control Panel ကို နှိပ်လိုက်လို့ အခုလို့ မျိုး ပေါ်မလာဘူး
ဆိုရင် ညာဘက် ခြမ်းက မြားအချွှန်လေးကို နှိပ်ပြီးတော့
Small icon ကို ရွေးချယ် Click နှိပ်လိုက်ပါဗျာ
ဟုတ်ပြီး ဒါဆိုရင် အပေါ်က ပုံအတိုင်း ပေါ်လာပြီးဆိုရင်
Fonts ဆိုတာကို ရွေးချယ်လိုက်ပါဗျာ
 
ပုံတွင် ပြထားသည့် အတိုင်း Find a Character ကို ရွေးချယ်
Click နှိပ်လိုက်ပါဗျာ ဒါဆိုရင် အောက်က ပုံအတိုင်း
Character Map သို့ ရောက်ရှိသွားမယ် ဖြစ်ပါတယ်
 
အပေါ်ဆုံးမှာ Font စတိုင် ရွေးချယ်ရမယ် ဖြစ်ပါတယ်
ဒီဇိုင်းဖောင့်နဲ့ ရေးမယ်ဆိုရင် မိမိရေးချင်တဲ့ Font အမျိုးအစားကို
ရွေးချယ်ပေးရမယ် ဖြစ်ပါတယ် ကျွန်တော်က ZawGyi- one နဲ့
ရေးမယ် ဖြစ်တဲ့ အတွက်  ZawGyi- one ကိုရွေးချယ်ထားပါတယ်
ပုံတွင် မြင်တွေ့နေရတဲ့ အတိုင်း မိမိရေးရခက်နေတဲ့
စာလုံးထပ်များကို လိုက်လံရှာဖွေပြီး ရေးနိုင်တယ်
မိမိ အနေနဲ့ တစ်ချက် သတိထားရမှာက တစ်လုံးရေးပြီးတိုင်း
Select ကို နှိပ်ပေးရမယ် ဖြစ်ပါတယ် မိမိရေးချင်တဲ့ စာလုံးများ
ရေးလို့ ပြီးသွားရင် Copy ဆိုတာကို နှိပ်လိုက်ပါ ပြီးရင်
မိမိရေးချင်တဲ့ Programs ကို ဖွင့်လိုက်ပါ ကျွန်တော်က
Paint ဆိုတဲ့ Program ကို အောက်က ပုံအတိုင်း ဖွင့်လိုက်ပါတယ်
 
ဟုတ်ပြီး ပုံတွင် မြင်တွေ့နေရတဲ့ အတိုင်းပါပဲ
Right Click ထောက်ပြီး Paste ကိုနှိပ်လည်း အဆင်ပြေပါတယ်
ဒါမှမဟုတ် ctrl+v ကို တွဲနှိပ်လိုက်လည်း အဆင်ပြေပါတယ်
ဒီလောက် ဆိုရင်တော့ စာလုံးထပ်များ ရှာဖွေ တတ်မယ်လို့
မျှော်လင့်ပါတယ်ခင်ဗျာ......
 
 
 
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...