Deep Freeze Enterprise 7.70.270.4460 Final

 
ဒီကောင်လေးကတော့ ကျနော်တို့ရဲ့ ကွန်ပျူတာတွေကို ဗိုင်းရပ်စ်တွေနဲ့ တခြား ကွန်ပျူတာကလိလွန်းတဲ့ သူများရဲ့ ရန်မှ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်..။ နောက်ပြီး အင်တာနက်ဆိုင်တွေမှာ အသုံးပြုလေ့ရှိတဲ့ ဆော့ဝဲလ်လေးလည်း ဖြစ်ပါတယ်..။ ဒီ Deep Freeze Enterprise 7.70.270.4460 Final ဗါးရှင်းလေးကို Install ထည့်တဲ့ အချိန်ကစပြီး keygen နဲ့ ဖူးလုပ် အသုံးပြုလို့ ရတဲ့ အဆင့်ထိ ကျနော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ အသုံးပြုတတ်အောင်ပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ Video ဖိုင်လေးတွေပါ ရှာပြီး ပြပေးထားပါတယ်..။
အောက်က Deep Freeze အကြောင်းရှင်းပြပေးထားတဲ့ စာသားလေးတွေကတော့ ဆိုဒ်မှ ရှင်းပြပေးထားတဲ့ စာသားများပဲ ဖြစ်ပါတယ်..။ ရှင်းပြပေးထားတာ အတော်လေး ပြည့်စုံတဲ့အတွက် မူရင်းအတိုင်းပဲ ဖေါ်ပြပေးလိုက်ပါတယ်..။
Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။

System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။
(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
(၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။

အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။

ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?
ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။
ဒီကောင်လေးကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 36 MB ရှိပါတယ်..။



Deep Freeze Enterprise 7 ကို ၂ချက်တောက်ပြီး Install ထည့်တဲ့အချိန်ကျမှ၊ ကီးတောင်းတဲ့ အခါကျမှ အောက်ကပုံမှာ ပြထားတဲ့ keygen ကို ဖွင့်ပါ..။ Antivirus တွေကို အရင် ပိတ်ထားပြီးမှ keygen ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ Notepad ထဲမှာလည်း ကီးတွေကို ဖေါ်ပြပေးထားပါသေးတယ်..။ 
Generate ကို နှိပ်ပြီး ကီးတွေကို copy ယူပါ..။ နောက်တခုက ကီးတွေ ထည့်ပြီး Install လုပ်မယ့် အချိန်မှာ အင်တာနက်ကို ဖွင့်ပေးထားပါ..။ ဒါမှသာ Install လုပ်လို့ ရမှာဖြစ်ပါတယ်..။



အပေါ်ကပုံအတိုင်း ကီးတွေထည့်ပြီး Next နှိပ်တဲ့ အချိန်မှာ အင်တာနက်မရှိရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။


ဒါကြောင့် အင်တာနက်ဖွင့်ထားပြီးမှ Retry ပြန်လုပ်ပေးလိုက်ရင် ရပါပြီ..။ အောက်ကပုံတွေအတိုင်း Install လုပ်ပေးပါလိမ့်မယ်..။




Successfully စာသားနဲ့ OK ပေးပြီးရင်တော့ အောက်ကပုံအတိုင်း ပါတ်စ်ဝါဒ့် အနည်းဆုံး ၈-လုံးနဲ့ ထည့်ပေးပြီးမှ ဆက်သွားလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီ ပါတ်စ်ဝါဒ့်တွေကို မိမိတို့ မှတ်မိတဲ့ နံပါတ်တွေကိုပဲ ထည့်ပေးလိုက်ပါ..။ မမေ့အောင်လို့ပါ..။ ပါတ်စ်ဝါဒ့်မေ့သွားခဲ့ရင် ပြန်ပြီး Recover လုပ်လို့ မရတော့ဘူးလို့ ရေးထားပါတယ်..။ ဒါကြောင့်မှတ်မိတဲ့ နံပါတ်တွေကိုပဲ ထည့်ပေးလိုက်ပါ..။



Finish ပေးပြီးသွားရင်တော့ အောက်ကပုံအတိုင်း Search မှာ စာရိုက်ပြီး ဒီကောင်လေးကို ထုတ်၍ အသုံးပြုနိုင်ပါပြီ..။


အောက်ကပုံလေးတွေအတိုင်း ပေါ်လာရင် အသုံးပြုလို့ ရသွားပါပြီ..။


အသုံးပြုတတ်အောင် လေ့ကျင့်ခန်း Video လေးတွေ လေ့လာကြည့်နိုင်ပါတယ်..။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...