DOS Commands နှင့် လက်တွေ့အသုံးများ

 DOS ဆိုသည်မှာ ....
ကွန်ပျူတာဆိုတဲ့ နည်းပညာရပ်ခရီး ဒီနေ့၊ ဒီအခြေအနေ ရောက်လာဖို့ DOS ဆိုတာကနေ စတင်ခဲ့တာပါ..။
 Disk Operating System ဆိုတဲ့ အမည်ရှည်ကို အလွယ်ခေါ် DOS လို့ လူသိများခဲ့ပါတယ်..။
Windows 95 စတင်မှုမှသည် Windows XP အထိ DOS ရဲ့ သက်ရောက်မှုတွေက စိုးမိုးခဲ့ပါတယ်..။ ယခုနှစ်တွေမှာ ထုတ်လာတဲ့ Windows Vista, Windows 7 တွေမှာတော့ DOS ရဲ့ သက်ရောက်မှုဟာ ကျဆင်းလာပါတယ်..။ အသုံးလည်း နည်းလာပါတယ်..။
 သို့သော်လည်း Windows ဆိုတဲ့ Operating System ရပ်တည်နေသ၍ DOS Command တွေကို မေ့ထားလို့ မရပြန်ပါဘူး..။ စာရေးသူကတော့ ယနေ့အချိန်ထိ DOS Commands တွေကို သုံးနေဆဲပါ..။ အသေးဆုံးလုပ်ဆောင်ချက်ဖြစ်တဲ့ Memory Stick (USB) များမှ Virus တွေနှင့် ၄င်းတို့၏ လုပ်ဆောင်ချက်ကြောင့် File များကွယ်ပျောက်ခြင်းကအစ DOS Command များဖြင့် ပြင်ဆင်ယူပါတယ်..။
 ယခုနောက်ပိုင်းထွက်ရှိတဲ့ Virus တွေကို DOS Command တွေဖြင့် ရှင်းထုတ်နိုင်တယ်ဆိုလျှင် အံ့သြသွားမလား၊ မြန်မာနိုင်ငံမှာသာမက စာရေးသူနိုင်ငံရပ်ခြားရောက်နေစဉ် တွေ့ကြုံရသမျှ Virus ပြဿနာတွေကို DOS Command တွေဖြင့် ဖြေရှင်းခဲ့ပါတယ်..။
ဒီစာသားတွေကတော့ ဒီစာအုပ်လေးထဲမှာပါတဲ့ DOS အသုံးဝင်ပုံတွေအကြောင်း ရှင်းပြပေးထားတဲ့ စာသားအနည်းငယ်ကို ကူးယူဖေါ်ပြပေးထားခြင်းပါ..။ ကျနော်ဒီစာအုပ်လေးကို ဖတ်ချင်လွန်း၍ ရှာနေတာ ကြာပါပြီ..။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်က ကျနော့်ကို ပြန်လည်မျှဝေပေးခဲ့လို့ ဒီစာအုပ်လေးကို လေ့လာခွင့်ရခဲ့ပြီ..။ စာဖတ်သူများလည်း ကျနော်နှင့်အတူ လေ့လာလို့ရအောင် ဒီစာအုပ်လေးကို ပြန်လည် မျှဝေပေးလိုက်ပါသည်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..



ဒီစာအုပ်လေးကို အပေါ်ကပုံမှာ ပြထားတဲ့ မျှားတွေအတိုင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ မျှားနီနေရာမှာ ဒီစာအုပ်လေးကို ဒေါင်းယူလို့ ရမှာဖြစ်ပြီး..၊ မျှားအပြာနေရာမှာတော့ Full Screen အပြည့်နဲ့ ကျနော့် Blog မှာတင် ဖတ်လို့ရပါတယ်..။ ပန်းရောင်မျှားနေရာကတော့ စာမျက်နှာတွေကို အရှေ့၊အနောက် ကျော်ဖတ်လို့ ရမယ့် နေရာလေးပါ..။ ဒေါင်းယူလိုတဲ့ သူများကတော့ အောက်က ပေါ်နေတဲ့ Download စာသားလေးကို ကလစ်ပြီး ဒေါင်းယူလိုက်ပါဗျာ..။ မိမိတို့စက်ထဲမှာ ဒီစာအုပ်ဖိုင်လေးကို ဖတ်နိုင်ဖို့အတွက် ကျနော် အသုံးပြုနေကျ Foxit Reader လေးကို ဒီလင့်မှာကလစ်ပြီး Download ယူလို့ ရပါတယ်..။ အဲ့ဒီလင့်မှာ မရခဲ့ရင် မူရင်းဆိုဒ်ကို ဒီလင့်ကနေ ဝင်သွားယူလို့ ရပါတယ်..။ http://www.foxitsoftware.com/downloads/




1 comment:

  1. https://my.pcloud.com/publink/show?code=XZA6HN7ZWJc2R5MtzUjUIAB6omrdbuMCT2K7

    ReplyDelete

Related Posts Plugin for WordPress, Blogger...