Pointstone System Cleaner 7.3.5.310 Final


 ဒီကောင်လေးက System Tool လေးတခုဖြစ်တဲ့ Pointstone System Cleaner 7.3.5.310 Final လေးပါ..။ ကျနော့် Blog မှာ တင်မပေးဖူးသေးတဲ့ ဆော့ဝဲလ်လေးမို့ ဒီနေ့တော့ ဒီကောင်လေးကို ဖူးသုံးလို့ရအောင် patch ဖိုင်လေးပါ ထည့်ပြပေးထားပြီး အသုံပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ ဒီကောင်လေးကို အသုံးပြုခြင်းဖြင့် မိမိတို့ရဲ့ ကွန်ပျူတာနဲ့ Browser တွေဟာ အရင်ကထက် ပိုမိုသွက်လက် မြန်ဆန်နေပါလိမ့်မယ်..။ အသုံးပြုပြီးတဲ့ အခါမှာတော့ စက်ကို Restart ချပြီးမှ ဆက်၍ အသုံးပြုပေးပါ..။ ဒီကောင်လေးက ဝင်းဒိုးတွေရဲ့ System ပိုင်းတွေကို ရှင်းလင်းပေးမယ့် Tool လေးမို့လို့.. အသုံးမပြုခင် ဝင်းဒိုး Error တွေ အတွက် Recovery လုပ်ပြီးသားဖြစ်အောင် အရင်ဆုံး Restore Point လေး ဖန်တီးထားပြီးမှ အသုံးပြုရင် ပိုအဆင်ပြေပါလိမ့်မယ်..။ ဒီကောင်လေးကို စသုံးတဲ့ အချိန်မှာလည်း Restore Point ဖန်တီးထားဖို့ သတိပေးတဲ့ စာသားလေး ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီအဆင့်မှာပဲ Restore Point ဖန်တီးလိုက်ပါ..။ ကျန်တဲ့ အသုံးပြုရတာတော့ လွယ်ပါတယ်..။ အောက်ဆုံးမှာ ပုံလေးတွေနဲ့ ဖူးဖြစ်အောင် လုပ်ပြပေးထားပြီး အသုံးပြုတတ်အောင် ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး အသုံးပြုနည်းကိုပါ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 11 MB ရှိပါတယ်..။



Install ပြီးတာနဲ့ ဒီကောင်လေးကို အောက်ကပုံလေးအတိုင်း ပိတ်ပစ်လိုက်ပါ..။ ပြီးရင်တော့ patch ဖိုင်လေးနဲ့ အရင်ဆုံး ဖူးသုံးလို့ ရအောင် အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ပါ..။ 


Desktop ပေါ်မှာ ပေါ်နေတဲ့ ဒီကောင်လေးရဲ့ Icon လေးပေါ်မှာ Right Click >> Properties >> Open File Location ကနေ သွားပြီး အောက်ကပုံလေးတွေအတိုင်း patch ဖိုင်လေးနဲ့ ဖူးဖြစ်အောင် လုပ်ပေးပြီးရင်တော့ ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




ဒီကောင်လေးကို ပြန်ဖွင့်ပြီး အသုံးပြုရင်တော့ အောက်ကပုံလေး Yes ပေးပြီး Restore Point တခု အရင် ဖန်တီးထားပြီးမှ အသုံးပြုပါ..။ 




OK ပေးပြီးရင်တော့ အောက်ကပုံလေးအတိုင်း Scan Now နဲ့ စပြီး အသုံးပြုလို့ ရသွားပါပြီ..။ 


အောက်ကပုံလေးအတိုင်း ပေါ်လာရင် ဘာမှနှိပ်ပေးဖို့ မလိုပါဘူး..။ ခဏစောင့်နေပေးလိုက်ပါ..။ အောက်ဆုံးက မျှားပြထားတဲ့ ပုံလေးအတိုင်း ပေါ်လာတော့မှ ဆက်ပြီး နှိပ်ပေးလိုက်ယုံပါပဲ..။




အပေါ်ပုံအတိုင်း Repair Selected စာသားကို တချက်ကလစ်ပေးလိုက်ပါ..။ 




Done စာသားပေါ်လာရင် တချက်ကလစ်ပြီး ပိတ်ပစ်လိုက်လို့ ရသွားပါပြီ..။ အောက်ကပြထားတဲ့ ပုံကတော့ လေးထောင့်ကွက်ထဲက စာသားနေရာတွေကို မိမိတို့ ကိုယ်တိုင်ပဲ တခုစီ လေ့လာပြီး စမ်းသုံးဖို့ ပြပေးလိုက်တာပါ..။ တခုခုအမှားဖြစ်မှာ စိုးရိမ်တဲ့ သူများကတော့ ဒီတိုင်းပဲ ထားပြီး၊ ပိတ်ပစ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာတော့မှ တခြား ဆော့ဝဲလ်တွေ သွင်းတာ၊ ထုတ်တာ ဆက်လုပ်ပါ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ 


အားလုံးပဲ အဆင်ပြေကြပါစေ..။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...