Viber for Windows 3.1.0 Final

မိမိတို့ရဲ့ ကွန်ပျူတာမှ Viber ဆော့ဝဲလ်ရှိတဲ့ တစ်ကမ္ဘာလုံးက တခြားဖုန်းတွေနဲ့ ကွန်ပျူတာတွေကို အင်တာနက်ကနေ ဖုန်းခေါ်သလို အလွယ်တကူ ခေါ်လို့ရမယ့် Viber ဆော့ဝဲလ် Update လေးပါ..။ ရိုးရိုး Call အပြင် Video Call ပါ အသုံးပြုလို့ အဆင်ပြေပါတယ်..။ ဒီနောက်ဆုံးထွက် ဗါးရှင်းလေးမှာတော့ အရင်ဗါးရှင်းမှာ မရခဲ့တဲ့ Emotions တွေနဲ့ Sticker လေးတွေကို ကွန်ပျူတာမှာ အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ်..။ အောက်မှာလည်း ကျနော် မြန်မာပြည်နဲ့ Chat ထားတာလေးကို ဖေါ်ပြပေးထားပါတယ်..။ မြန်မာစာမပေါ်သေးတဲ့အတွက် ကျနော် Notepad ကိုအသုံးပြုပြီး Chat လို့ရအောင် ပြပေးထားပါတယ်..။ ဖြေးဖြေးချင်းတော့ နောက်ထပ်ထွက်လာမယ့် ဗါးရှင်းတွေမှာ မြန်မာစာ အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ်..။ မိမိတို့ရဲ့ စက်ထဲမှာ အရင် Viber ဗါးရှင်းအဟောင်းထည့်ထားပြီးတဲ့ သူများကတော့ အရင်ဆုံး Uninstall နဲ့ ထုတ်ပစ်ပြီးမှ အခု ဗါးရှင်းအသစ်ကို ပြန်ထည့်မှ Emotions တွေနဲ့ Sticker တွေကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ Install ထည့်နည်းနဲ့ အသုံးပြုနည်း အစ၊အဆုံးကို အရင်ပိုစ့်ဖြစ်တဲ့ Viber အသုံးပြုနည်းပိုစ့်မှာ ပြန်ကြည့်နိုင်ပါတယ်..။ အဲ့ဒီပိုစ့်မှာပဲ တခြား Phone Device တွေအတွက်ပါ Viber ဆော့ဝဲလ်ကို ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်သို့ လင့်ပြန်ချိတ်ပေးထားပါသေးတယ်..။ ဒီ Viber နောက်ဆုံးဗါးရှင်းကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲ ရှိပါတယ်..။ အခုဒီကောင်လေးက Viber ဆော့ဝဲလ်ကို မိမိတို့ ကွန်ပျူတာထဲ ရောက်အောင် ဒေါင်းယူပေးမယ့် ဒေါင်းလော့ဒါလေးပါ..။ ဒီဒေါင်းလော့ဒါလေးကို ဖွင့်ပြီး Downloading and Installing လုပ်နေတဲ့အချိန်မှာ အင်တာနက်လိုင်းဖွင့်ပေးထားမှ အဆင်ပြေမှာပါ..။

Viber ဆော့ဝဲလ် Active ဖြစ်သွားတဲ့အချိန်မှာတော့ အောက်ကပုံလေးအတိုင်း ပုံလေးတွေကို ထုတ်ပြီး အသုံးပြုလို့ ရသွားပါပြီ..။ အောက်ဆုံးပုံအတိုင်း မြန်မာစာကို Notepad မှာရေးပြီး copy-paste နဲ့ စာပို့လို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။




ဝင်လာတဲ့ စာတွေကိုတော့ All Select ပေးပြီး Right Click >> Copy Message နဲ့ ယူပြီး Notepad မှာ paste တင်လိုက်ရင်တော့ အပေါ်ကပုံအတိုင်း စာဖတ်လို့ ရသွားပါပြီ..။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...